Wednesday, October 8, 2014

● မြို့ကြီးပြည်သူ သာသနာ စီမံကိန်း ဦးစီးမှူး ခန့်အပ်ခြင်း ...

မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၊ ဧဝံဂေလိနှင့် သာသာနာ ပြုရေး ဌာနသည် ပြောင်းလဲ နေသော ခေတ်ကာလ၏ စိန်ခေါ်မှုများ အား ရင်ဆိုင် တွေ့ကြုံနေ ရသော မြို့ပြရှိ ခရစ်ယာန် ယုံကြည် သူများ၏ ဝိညာဉ်ရေး ရာပြုစု ပျိုးထောင် ပေးရန်နှင့် သာသနာပြု ခြင်းလုပ်ငန်း များအား ဆောင်ရွက်ရန် မြို့ကြီး ပြည်သူ သာသနာ အမြင်ဖွင့် ခြင်း သင်တန်းများ ပြုလုပ် ပေးခြင်း၊ ခရစ်ယာန် တေးဂီတ ပညာရှင်များ မိတ်သဟာယ Christian Musicians Fellowship, လုပ်ငန်း ခွင်ရှိ ခရစ်ယာန် များမိတ် သဟာယ Marketplace Christian Fellowship, မိတ်သဟာယ အဖွဲ့များဖြင့် မြို့ကြီး ပြည်သူ သာသနာ လုပ်ငန်းများကို ဆောင်ရွက် လျျက်ရှိ ပါသည်။ ယခုအခါ လုပ်ငန်းများ အား ထိ ရောက် အောင်မြင်စွာ တိုးချဲ့လုပ် ဆောင် နိုင်ရန်၊ မြို့ကြီးပြည်သူ သာသနာ လုပ်ငန်း အတွက် စီမံကိန်း ဦးစီးမှူး တစ်ဦး ခန့်အပ်ကာ ၊ Urban Mission Working Committee (လုပ်ငန်း ကော်မတီ) ဖြင့် လုပ်ဆောင် မည်ဖြစ်ရာ မြို့ကြီး ပြည်သူ သာသနာ လုပ်ငန်း စီမံကိန်း ဦးစီးမှူး အဖြစ် ဆရာ စောရစ်ချက် (မြို့မ ကရင် နှစ်ခြင်း အသင်းတော်- ဧမာနွေလ) အား ခန့်အပ် ပြီးဖြစ် ပါသည်။ ယင်း သာသနာ လုပ်ငန်း အတွက် သတိတရ ဆုတောင်း ပေးကြ ပါရန် ခရစ်တော်၏ နာမတော် မြတ်၌ လေးစား စွားနှိုး ဆော်အပ် ပါသည်။